Train to Busan (2016)


(unicode)
Train to Busan (2016) မြန်မာစာတန်းထိုး
---------------------------------------------------
--- Storyline ---
.
အင်မတန်အလုပ်ကြိုးစားပြီးသူ့ရဲ့ အချိန်တွေနဲ့ အာရုံတွေကိုအလုပ်မှာပဲမြုပ်နှံခဲ့တာကြောင့် မိန်းမဖြစ်သူနဲ့ကွဲကွာသွားခဲ့ရတဲ့ Seok Woo တစ်ယောက် သမီးဖြစ်သူနဲ့လဲ အနေစိမ်းနေခဲ့တာကြာပါပြီ။ တစ်ရက်မှာတော့ သမီးဖြစ်သူရဲ့မွေးနေ့အတွက် Wii ဂိမ်းစက်လေးဝယ်ပြီးလက်ဆောင်ပေးခဲ့ပေမဲ့ Wii ဂိမ်းစက်ရှိပြီးသားဖြစ်တဲ့ သမီးလေးက ဂိမ်းစက်ကိုမလိုချင်တော့ပဲ မိခင်ရှိနေတဲ့ Busan မြို့ကိုသွားဖို့ရာ အဖေကိုပူဆာတဲ့အခါမှာတော့ သမီးလေးရဲ့ ပြင်းပြနေတဲ့ဆန္ဒကိုလိုက်လျောပြီး Busan ကိုရထားစီးကာသွားဖို့ဖြစ်လာပါတော့တယ်။
.
--- Review ---
ဒီဇာတ်ကားစရုံတင်ကတည်းက ပရိတ်သတ်တွေရဲ့အားပေးမှုနဲ့ တော်တော်နာမည်ကြီးလာတာကြောင့် သွားကြည့်ဖို့လုပ်ခဲ့ပါတယ်။ ပထမဆုံးပြောချင်တာကတော့ ဒီဇာတ်ကားက ကိုရီးယားဇာတ်ကားတွေထဲမှာ အတော်ထူးခြားတဲ့ဇာတ်ကားတစ်ကားလို့ဆိုချင်ပါတယ်။ Korea Zombies ဇာတ်ကားဆိုတော့ တခြားကျွန်တော်တို့ကြည့်ခဲ့ဖူးတဲ့ Zombies ကားတွေနဲ့ ဘာတွေများကွာခြားသွားနိုင်သလဲဆိုတာသိချင်ခဲ့မိတယ်။ ဘာတွေကွာခြားလဲဆိုတော့ ပထမဆုံးအချက်ကတော့ ဒီဇာတ်ကားထဲမှာပါတဲ့ Zombies တွေအကြောင်းအရင်ပြောပါမယ်။ ဒီဇာတ်ကားထဲမှာပါတဲ့ Zombies တွေက အင်မတန်ကိုမြန်ဆန်ပါတယ်။ အင်မတန်ကိုမြန်ဆန်တယ်ဆိုကတည်းက ဒီဇာတ်ကားကိုကြည့်ရှုနေတဲ့ ပရိတ်သတ်တွေကို Zombies ပေါ်လာတဲ့အခန်းတွေကစပြီး တစ်ကားလုံးနီးပါး သည်းထိတ်ရင်ဖိုခံစားမှုတွေကိုပေးသွားပါတယ်။ Zombies ပေါ်လာပြီဆိုကတည်းက တစ်ရုံလုံးမှာအော်သံတွေအပြည့်နဲ့ဆိုတော့ ခန့်မှန်းလို့ရမှာပါ။ တစ်ချို့နေရာတွေမှာတော့ Jump Scare တွေအထိုက်လျောက်အသုံးပြုထားတာတွေ့ရပါတယ်။ ပြီးတော့ဇာတ်လမ်းက ကြည့်နေတဲ့တစ်လျောက်မှာ ပျင်းရိငြီးငွေ့စရာမရှိပဲ ဇာတ်ကားစကတည်းကနေဆုံးတဲ့အထိ ကြည့်ရှုသူတွေကို ခံစားမှုအနိမ့်အမြင့်မျိုးစုံပေးပြီးဆွဲခေါ်သွားနိုင်ပါတယ်။
.
ဒီတော့ဇာတ်ကားကအကောင်းတွေကြီးပဲပြည့်နေတာလားဆိုတော့ မဟုတ်ပါဘူး။ ကျွန်တော့်ရဲ့အမြင်မှာ ဒီဇာတ်ကားဟာ အားနည်းချက်တွေလဲရှိနေပါတယ်။ ဘာတွေလဲဆိုတော့ အရင်ဆုံးပြောချင်ကတော့ Acting ပိုင်းပါ။ Seok Woo အဖြစ်သရုပ်ဆောင်တဲ့ Yoo Gong ရဲ့အားနည်းချက်တွေတော်တော်များများကိုသတိထားမိပါတယ်။ လူဆိုတာ တကယ်သေရေးရှင်ရေးနဲ့တွေ့ကြုံရတဲ့အခါမှာ အတန်ငယ်တော့ကြောက်လန့်ထိတ်လန့်မှုတွေခံစားရမှာပါ။ ရထားတစ်စီးလုံးအန္တရာယ်ကျရောက်နေပြီး Zombies တွေပြည့်နေတဲ့အခါမှာ Zombies တွေနဲ့ ရင်ဆိုင်တွေ့ရတဲ့ Seok Woo ရဲ့ မျက်နှာဟာ လိုအပ်သလောက်ထိတ်လန့်တုန်လှုပ်မှုကို သရုပ်မဖော်သွားနိုင်ပါဘူး။ သူ့ရဲ့မျက်လုံးထဲမှာ ကြောက်ရွန့်ထိတ်လန့်မှုတွေကိုမပေါ်တဲ့အပြင် ဇာတ်ကားစကတည်းက ဆုံးတဲ့အထိ သူ့ရဲ့မျက်နှာက တစ်သတ်မတ်တည်းပုံစံဖြစ်နေပါတယ်။ သမီးငယ်ရှေ့မှာ အားတင်းထားပြီး သွေးအေးအေးနဲ့ Zombies ကိုရင်ဆိုင်တယ်ဆိုတာမှန်ပေမဲ့သူ့ပုံစံကလိုအပ်တဲ့ Emotion တွေကိုပုံမဖော်သွားနိုင်ခဲ့ပဲနဲ့ မျက်နှာခံစားချက်တွေက တစ်သတ်မတ်တည်းဖြစ်နေပါတယ်။ ဒါပေမဲ့ Sang Hwa အဖြစ်သရုပ်ဆောင်တဲ့ Dong Seok Ma ကတော့ တော်တော်ကိုကောင်းပါတယ်။သူ့ရဲ့ အခန်းကဏ္ဍတွေကိုသရုပ်ဆောင်တဲ့နေရာမှာ ပိုင်ပိုင်နိုင်နိုင်ကိုသရုပ်ဆောင်သွားတာကိုတွေ့ရပါတယ်။
.
ဒီဇာတ်ကားရဲ့ နောက်တစ်ချက်အားနည်းချက်ကတော့ CGI ပိုင်းပါ။ တစ်ချို့အခန်းတွေဆိုရင် CGI အားနည်းချက်ကြောင့် တော်တော်ကိုသိသာပါတယ်။ ဘယ်အခန်းတွေဆိုတာတော့ Spoiler ပါမှာစိုးလို့မပြောတော့ပါဘူး။ နောက်တစ်ချက်က Zombies တွေရဲ့ သွေးတွေပါ။ သွေးတွေရဲ့အရောင်တွေဟာ တစ်ချို့အခန်းတွေမှာ ပန်းရောင်တွေနဲ့ သွေးအရောင်တွေ ဖျော့တော့နေပြီး သွေးအတုလို့တောင်မထင်ရပဲ အချဉ်ရည်လိုလို ဘာလိုလိုဖြစ်နေပါတယ်။ ပြီးတော့ ဒီဇာတ်ကားထဲမှာပါတဲ့တစ်ချို့ Zombies အခန်းတွေဟာ World War Z ထဲက Zombies တွေရဲ့အခန်းတွေနဲ့ ဆင်တူဖြစ်တဲ့ဇာတ်ဝင်ခန်းတွေပါနေပါတယ်။ ပြီးတော့ စစချင်းလာတဲ့အခန်းဆိုရင်လဲ Zombies ဟာသကားတစ်ကားဖြစ်တဲ့ Scouts Guide to the Zombie Apocalypse ထဲကဇာတ်ဝင်ခန်းတစ်ခန်းကိုလဲပုံစံတူသွားယူထားတာတွေ့ရပါတယ်။
နောက်ဆုံး ဒီဇာတ်ကားထဲမှာ သဘောကျဆုံးတစ်ချက်တော့ Korea တွေဟာ Drama တွေကိုသိပ်ပိုင်တယ်ဆိုတာပါပဲ။ ကြောက်ရွံ့တဲ့ခံစားမှုတွေကိုသာ သိပ်ပုံမဖော်နိုင်ခဲ့တဲ့ မင်းသား Seok Woo ဟာ Drama အခန်းတွေမှာတော့ အပိုင်နိုင်ဆုံးသရုပ်ဆောင်သွားနိုင်ခဲ့တာအမှန်ပါပဲ။
.
အချုပ်အားဖြင့်ပြောရမယ်ဆိုရင်တော့ Train To Busan (2016) ကိုကြည့်မယ်ဆိုရင်တော့ သွားကြည့်လိုက်ပါလို့ပြောချင်ပါတယ်။ ဒီဇာတ်ကားက ရုံမှာအချိန်ပေးပြီးကြည့်ရှုဖို့အတွက် ထိုက်တန်တဲ့ဇာတ်ကားတစ်ကားပါ။ ဇာတ်ကားစကြည့်ကတည်းက ကြည့်ရှုသူကိုဆွဲဆောင်သွားပြီး မျက်ရည်လေးကလယ်ကလယ်ဖြစ်စေပြီး မိဘမေတ္တာတွေကိုဖော်ညွှန်းထားတဲ့ အခန်းတွေလဲပါနေတာကြောင့် အားလပ်ချိန်ရှိခဲ့ရင်တော့ သွားကြည့်သင့်ပါတယ်။
--- Movie Information ---
Director : Yeon Sang-Ho
Top Billed Cast : Yoo Gong , Dong-Seok Ma , Woo-Sik Choi , Yu-mi-Jeong , Eui-Sung Kim , Soo-an Kim , Sohee
Production : RedPeter Film
Distribution : Next Entertainment World
Running Time : 118 minutes
Box Office : $80.2 million
--- Ratings ---
Datshin : 3.5/5
IMDB : 8.0/10
RT : 93%
(အညွှန်းကိုတော့ DatShin Page မှကူးယူဖော်ပြထားခြင်းဖြစ်ပါတယ်။)
File Size – 1.87 GB
Quality- Blu Ray 1080p 6CH
Running Time – 1hr 58min
Format – mkv
Genre – Action, Horror, Thriller
Subtitle – Myanmar (Hard Sub)
Translator – Nan Mon Soe
Encoded By – K#/4nt_M1nn_K0
Credit -BS
File size - 1.87GB
ဒီမှာဒေါင်းပါ-https://mm1ink.info/q9zlyJS1









မဒေါင်းတတ်ရင် ဒေါင်းနည်းကို အောက်ကလင့်မှာကြည့်ပါ
👇👇👇👇👇
https://xellomyanmar1.blogspot.com/2018/12/blog-post.html?m=1





(zawgyi)
Train to Busan (2016) ျမန္မာစာတန္းထိုး
---------------------------------------------------
--- Storyline ---
.
အင္မတန္အလုပ္ႀကိဳးစားၿပီးသူ႕ရဲ႕ အခ်ိန္ေတြနဲ႕ အာ႐ုံေတြကိုအလုပ္မွာပဲျမဳပ္ႏွံခဲ့တာေၾကာင့္ မိန္းမျဖစ္သူနဲ႕ကြဲကြာသြားခဲ့ရတဲ့ Seok Woo တစ္ေယာက္ သမီးျဖစ္သူနဲ႕လဲ အေနစိမ္းေနခဲ့တာၾကာပါၿပီ။ တစ္ရက္မွာေတာ့ သမီးျဖစ္သူရဲ႕ေမြးေန႕အတြက္ Wii ဂိမ္းစက္ေလးဝယ္ၿပီးလက္ေဆာင္ေပးခဲ့ေပမဲ့ Wii ဂိမ္းစက္ရွိၿပီးသားျဖစ္တဲ့ သမီးေလးက ဂိမ္းစက္ကိုမလိုခ်င္ေတာ့ပဲ မိခင္ရွိေနတဲ့ Busan ၿမိဳ႕ကိုသြားဖို႔ရာ အေဖကိုပူဆာတဲ့အခါမွာေတာ့ သမီးေလးရဲ႕ ျပင္းျပေနတဲ့ဆႏၵကိုလိုက္ေလ်ာၿပီး Busan ကိုရထားစီးကာသြားဖို႔ျဖစ္လာပါေတာ့တယ္။
.
--- Review ---
ဒီဇာတ္ကားစ႐ုံတင္ကတည္းက ပရိတ္သတ္ေတြရဲ႕အားေပးမႈနဲ႕ ေတာ္ေတာ္နာမည္ႀကီးလာတာေၾကာင့္ သြားၾကည့္ဖို႔လုပ္ခဲ့ပါတယ္။ ပထမဆုံးေျပာခ်င္တာကေတာ့ ဒီဇာတ္ကားက ကိုရီးယားဇာတ္ကားေတြထဲမွာ အေတာ္ထူးျခားတဲ့ဇာတ္ကားတစ္ကားလို႔ဆိုခ်င္ပါတယ္။ Korea Zombies ဇာတ္ကားဆိုေတာ့ တျခားကြၽန္ေတာ္တို႔ၾကည့္ခဲ့ဖူးတဲ့ Zombies ကားေတြနဲ႕ ဘာေတြမ်ားကြာျခားသြားနိုင္သလဲဆိုတာသိခ်င္ခဲ့မိတယ္။ ဘာေတြကြာျခားလဲဆိုေတာ့ ပထမဆုံးအခ်က္ကေတာ့ ဒီဇာတ္ကားထဲမွာပါတဲ့ Zombies ေတြအေၾကာင္းအရင္ေျပာပါမယ္။ ဒီဇာတ္ကားထဲမွာပါတဲ့ Zombies ေတြက အင္မတန္ကိုျမန္ဆန္ပါတယ္။ အင္မတန္ကိုျမန္ဆန္တယ္ဆိုကတည္းက ဒီဇာတ္ကားကိုၾကည့္ရႈေနတဲ့ ပရိတ္သတ္ေတြကို Zombies ေပၚလာတဲ့အခန္းေတြကစၿပီး တစ္ကားလုံးနီးပါး သည္းထိတ္ရင္ဖိုခံစားမႈေတြကိုေပးသြားပါတယ္။ Zombies ေပၚလာၿပီဆိုကတည္းက တစ္႐ုံလုံးမွာေအာ္သံေတြအျပည့္နဲ႕ဆိုေတာ့ ခန႔္မွန္းလို႔ရမွာပါ။ တစ္ခ်ိဳ႕ေနရာေတြမွာေတာ့ Jump Scare ေတြအထိုက္ေလ်ာက္အသုံးျပဳထားတာေတြ႕ရပါတယ္။ ၿပီးေတာ့ဇာတ္လမ္းက ၾကည့္ေနတဲ့တစ္ေလ်ာက္မွာ ပ်င္းရိၿငီးေငြ႕စရာမရွိပဲ ဇာတ္ကားစကတည္းကေနဆုံးတဲ့အထိ ၾကည့္ရႈသူေတြကို ခံစားမႈအနိမ့္အျမင့္မ်ိဳးစုံေပးၿပီးဆြဲေခၚသြားနိုင္ပါတယ္။
.
ဒီေတာ့ဇာတ္ကားကအေကာင္းေတြႀကီးပဲျပည့္ေနတာလားဆိုေတာ့ မဟုတ္ပါဘူး။ ကြၽန္ေတာ့္ရဲ႕အျမင္မွာ ဒီဇာတ္ကားဟာ အားနည္းခ်က္ေတြလဲရွိေနပါတယ္။ ဘာေတြလဲဆိုေတာ့ အရင္ဆုံးေျပာခ်င္ကေတာ့ Acting ပိုင္းပါ။ Seok Woo အျဖစ္သ႐ုပ္ေဆာင္တဲ့ Yoo Gong ရဲ႕အားနည္းခ်က္ေတြေတာ္ေတာ္မ်ားမ်ားကိုသတိထားမိပါတယ္။ လူဆိုတာ တကယ္ေသေရးရွင္ေရးနဲ႕ေတြ႕ႀကဳံရတဲ့အခါမွာ အတန္ငယ္ေတာ့ေၾကာက္လန႔္ထိတ္လန႔္မႈေတြခံစားရမွာပါ။ ရထားတစ္စီးလုံးအႏၲရာယ္က်ေရာက္ေနၿပီး Zombies ေတြျပည့္ေနတဲ့အခါမွာ Zombies ေတြနဲ႕ ရင္ဆိုင္ေတြ႕ရတဲ့ Seok Woo ရဲ႕ မ်က္ႏွာဟာ လိုအပ္သေလာက္ထိတ္လန႔္တုန္လႈပ္မႈကို သ႐ုပ္မေဖာ္သြားနိုင္ပါဘူး။ သူ႕ရဲ႕မ်က္လုံးထဲမွာ ေၾကာက္႐ြန႔္ထိတ္လန႔္မႈေတြကိုမေပၚတဲ့အျပင္ ဇာတ္ကားစကတည္းက ဆုံးတဲ့အထိ သူ႕ရဲ႕မ်က္ႏွာက တစ္သတ္မတ္တည္းပုံစံျဖစ္ေနပါတယ္။ သမီးငယ္ေရွ႕မွာ အားတင္းထားၿပီး ေသြးေအးေအးနဲ႕ Zombies ကိုရင္ဆိုင္တယ္ဆိုတာမွန္ေပမဲ့သူ႕ပုံစံကလိုအပ္တဲ့ Emotion ေတြကိုပုံမေဖာ္သြားနိုင္ခဲ့ပဲနဲ႕ မ်က္ႏွာခံစားခ်က္ေတြက တစ္သတ္မတ္တည္းျဖစ္ေနပါတယ္။ ဒါေပမဲ့ Sang Hwa အျဖစ္သ႐ုပ္ေဆာင္တဲ့ Dong Seok Ma ကေတာ့ ေတာ္ေတာ္ကိုေကာင္းပါတယ္။သူ႕ရဲ႕ အခန္းက႑ေတြကိုသ႐ုပ္ေဆာင္တဲ့ေနရာမွာ ပိုင္ပိုင္နိုင္နိုင္ကိုသ႐ုပ္ေဆာင္သြားတာကိုေတြ႕ရပါတယ္။
.
ဒီဇာတ္ကားရဲ႕ ေနာက္တစ္ခ်က္အားနည္းခ်က္ကေတာ့ CGI ပိုင္းပါ။ တစ္ခ်ိဳ႕အခန္းေတြဆိုရင္ CGI အားနည္းခ်က္ေၾကာင့္ ေတာ္ေတာ္ကိုသိသာပါတယ္။ ဘယ္အခန္းေတြဆိုတာေတာ့ Spoiler ပါမွာစိုးလို႔မေျပာေတာ့ပါဘူး။ ေနာက္တစ္ခ်က္က Zombies ေတြရဲ႕ ေသြးေတြပါ။ ေသြးေတြရဲ႕အေရာင္ေတြဟာ တစ္ခ်ိဳ႕အခန္းေတြမွာ ပန္းေရာင္ေတြနဲ႕ ေသြးအေရာင္ေတြ ေဖ်ာ့ေတာ့ေနၿပီး ေသြးအတုလို႔ေတာင္မထင္ရပဲ အခ်ဥ္ရည္လိုလို ဘာလိုလိုျဖစ္ေနပါတယ္။ ၿပီးေတာ့ ဒီဇာတ္ကားထဲမွာပါတဲ့တစ္ခ်ိဳ႕ Zombies အခန္းေတြဟာ World War Z ထဲက Zombies ေတြရဲ႕အခန္းေတြနဲ႕ ဆင္တူျဖစ္တဲ့ဇာတ္ဝင္ခန္းေတြပါေနပါတယ္။ ၿပီးေတာ့ စစခ်င္းလာတဲ့အခန္းဆိုရင္လဲ Zombies ဟာသကားတစ္ကားျဖစ္တဲ့ Scouts Guide to the Zombie Apocalypse ထဲကဇာတ္ဝင္ခန္းတစ္ခန္းကိုလဲပုံစံတူသြားယူထားတာေတြ႕ရပါတယ္။
ေနာက္ဆုံး ဒီဇာတ္ကားထဲမွာ သေဘာက်ဆဳံးတစ္ခ်က္ေတာ့ Korea ေတြဟာ Drama ေတြကိုသိပ္ပိုင္တယ္ဆိုတာပါပဲ။ ေၾကာက္႐ြံ႕တဲ့ခံစားမႈေတြကိုသာ သိပ္ပုံမေဖာ္နိုင္ခဲ့တဲ့ မင္းသား Seok Woo ဟာ Drama အခန္းေတြမွာေတာ့ အပိုင္နိုင္ဆုံးသ႐ုပ္ေဆာင္သြားနိုင္ခဲ့တာအမွန္ပါပဲ။
.
အခ်ဳပ္အားျဖင့္ေျပာရမယ္ဆိုရင္ေတာ့ Train To Busan (2016) ကိုၾကည့္မယ္ဆိုရင္ေတာ့ သြားၾကည့္လိုက္ပါလို႔ေျပာခ်င္ပါတယ္။ ဒီဇာတ္ကားက ႐ုံမွာအခ်ိန္ေပးၿပီးၾကည့္ရႈဖို႔အတြက္ ထိုက္တန္တဲ့ဇာတ္ကားတစ္ကားပါ။ ဇာတ္ကားစၾကည့္ကတည္းက ၾကည့္ရႈသူကိုဆြဲေဆာင္သြားၿပီး မ်က္ရည္ေလးကလယ္ကလယ္ျဖစ္ေစၿပီး မိဘေမတၱာေတြကိုေဖာ္ၫႊန္းထားတဲ့ အခန္းေတြလဲပါေနတာေၾကာင့္ အားလပ္ခ်ိန္ရွိခဲ့ရင္ေတာ့ သြားၾကည့္သင့္ပါတယ္။
--- Movie Information ---
Director : Yeon Sang-Ho
Top Billed Cast : Yoo Gong , Dong-Seok Ma , Woo-Sik Choi , Yu-mi-Jeong , Eui-Sung Kim , Soo-an Kim , Sohee
Production : RedPeter Film
Distribution : Next Entertainment World
Running Time : 118 minutes
Box Office : $80.2 million
--- Ratings ---
Datshin : 3.5/5
IMDB : 8.0/10
RT : 93%
(အၫႊန္းကိုေတာ့ DatShin Page မွကူးယူေဖာ္ျပထားျခင္းျဖစ္ပါတယ္။)
File Size – 1.87 GB
Quality- Blu Ray 1080p 6CH
Running Time – 1hr 58min
Format – mkv
Genre – Action, Horror, Thriller
Subtitle – Myanmar (Hard Sub)
Translator – Nan Mon Soe
Encoded By – K#/4nt_M1nn_K0
Credit -BS
File size - 1.87GB
ဒီမွာေဒါင္းပါ-https://mm1ink.info/q9zlyJS1









မေဒါင္းတတ္ရင္ ေဒါင္းနည္းကို ေအာက္ကလင့္မွာၾကည့္ပါ
👇👇👇👇👇
https://xellomyanmar1.blogspot.com/2018/12/blog-post.html?m=1






Comments

Popular Posts